အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်လီမိတက်

 

ကိုယ်ရေးအချက်အလက်မူဝါဒ

Privacy Policy

မူဝါဒ မူပိုင် -

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်လီမိတက်

 

ဆက်သွယ်ရန် -

သန်းထိုက်သူ-လက်ထောက်အထွေထွေမန်နေဂျာ

လိုက်နာဆောင်ရွက်ရေးဆိုင်ရာဌာန

 

စတင်သက်ရောက်သည့်နေ့ -

၂၀၂၀ မေလ (၂၆) ရက်

 

ပြန်လည်စိစစ်ရမည့်နေ့ -

၂၀၂၁ မေလ (၂၆) ရက်

 

ဆက်စပ်သော ဥပဒေ၊ လမ်းညွှန်ချက်များ

  • မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ (၁၉၂၃)
  • ဆက်သွယ်ရေးဥပဒေ (၂၀၁၃)
  • ဆက်သွယ်ဆောင်ရွက်သူအပေါ်အလေးထားစိစစ်ခြင်းညွှန်ကြားချက် (၁၉/၂၀၁၉)

 

ဆက်စပ်သော ဘဏ်တွင်းမူဝါဒများ

  • ဆက်သွယ်ဆောင်ရွက်သူများအပေါ် အလေးထားစိစစ်ခြင်း (DOC-2019-04 Rev: 1.0)
  • ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမူဝါဒ (DOC-2019-08 Rev: 1.0)
  • ကျွန်ုပ်တို့၏ ကျင့်ဝတ် Code of Conduct (DOC-2019-01 Rev: 1.1)

 

 

 

 

 

 

 

 

 

 

 

 

 

 အမည်နှင့် သက်ဆိုင်ခြင်း

၁။ ဤမူဝါဒကို ကိုယ်ရေးအချက်အလက်မူဝါဒဟုခေါ်တွင်စေရမည်။

 

၂။ ဤမူဝါဒသည် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ (၁၉၂၃ ခုနှစ် အိန္ဒိယအက်ဥပဒေ အမှတ် ၂၃)၊ ဆက်သွယ်ရေးဥပဒေ (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၁။) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက် (၁၉/၂၀၂၀) အား အတိအကျ လိုက်နာသည်။

 

အဓိပ္ပါယ်ဖွင့်ဆိုချက်

၃။        (က) လျှို့ဝှက်ချက်ဥပဒေ ဆိုသည်မှာ ၁၉၂၃ ခုနှစ်၊ ဧပြီလ ( ၂ ) ရက်နေ့တွင်ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ဆိုလိုသည်။

(ခ) ဆက်သွယ်ရေးဥပဒေ ဆိုသည်မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေကို ဆိုလိုသည်။

            (ဂ) ညွှန်ကြားချက် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဆက်သွယ်ဆောင်ရွက်သူ အပေါ် အလေးထားစိစစ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက် (၁၉/၂၀၂၀) ကို ဆိုလိုသည်။

            (ဂ) ကျင့်ဝတ် ဆိုသည်မှာ ဘဏ်၏လိုက်နာဆောင်ရွက်ရေးဆိုင်ရာဌာနမှထုတ်ပြန်ထားသော ကျွန်ုပ်တို့၏ ကျင့်ဝတ် Code of Conduct ကို ဆိုလိုသည်။

            (ဃ) ဘဏ် ဆိုသည်မှာ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ကို ဆိုလိုသည်။

(င) ဘဏ်ခွဲတာဝန်ခံ ဆိုသည်မှာ ဘဏ်ခွဲများတွင် ဆက်သွယ်ဆောင်ရွက်သူများ၏ ကိုယ်ရေး အချက်အလက်များအတွက် အဓိက အရေးပါဆုံးနှင့် တာဝန်အရှိဆုံးဖြစ်သူကို ဆိုလိုသည်။

(စ) လိုက်နာဆောင်ရွက်ရေးဆိုင်ရာအရာရှိ ဆိုသည်မှာ ဘဏ်၊ ဘဏ်ခွဲတာဝန်ခံများ၏ လုပ်ထုံးလုပ်နည်းများနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ကိုယ်ရေးအချက်အလက်များသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထား သော ဥပဒေများ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ရန်နှင့် အစီရင်ခံတင်ပြရမည့်သူ ဖြစ်သည်။

 

ကျင့်ဝတ်စံနှုန်းများ

၄။ ကိုယ်ရေးအချက်အလက်များသည် ဘဏ်အတွက် တန်ဖိုးရှိနိုင်၍ သို့မဟုတ် ဘဏ်၏ ဝန်ထမ်းများ၊ ကြားခံ (Third Party) ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်သူများ၏ ကိုယ်ရေးအချက်အလက် အကြောင်းအရာများပါဝင်သောကြောင့် လျှို့ဝှက်ထိန်းသိမ်းရန်လိုအပ်သည်။ ဤကိုယ်ရေးအချက် အလက်များကို ခွင့်ပြုချက်မရှိပဲ ရယူသုံးစွဲခြင်းသည် တန်ဖိုးယိုယွင်း ပျက်စီး၍ ဘဏ်၏ ဂုဏ်သတင်း ကို မလိုလားအပ်သောထိခိုက်မှုများရှိနိုင်သည်။

 

၅။ ကိုယ်ရေးအချက်အလက်များကို တရားဝင်သောနည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်ထားရှိ ကြောင်းနှင့် တရားဝင်လုပ်ငန်းများတွင်သာ ရည်ရွယ်၍သုံးစွဲခြင်းအားဖြင့် ဆက်သွယ်ဆောင်ရွက် သူများ၏ ယုံကြည်စိတ်ချမှုကိုရရှိရန်လိုအပ်သည်။

 

မှတ်တမ်းထားရှိခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၆။ တားမြစ်ကန့်သတ်သည့်သဘောရှိသော သို့မဟုတ် အခြားအကြောင်းပြချက်များအရ လျှို့ဝှက်ရ မည်ဟု သတ်မှတ်ထားသော ကိုယ်ရေးအချက်အလက်များအားလုံးကို လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ညွှန်ကြားချက်များဖြင့် ကာကွယ်ထားသည်။ ပြင်ပအဖွဲ့များထံမှ ကိုယ်ရေးအချက်အလက်များကို ဘဏ်၏ ကိုယ်ပိုင်သတင်းအချက်အလက်များကဲ့သို့ သတ်မှတ်၍ အနည်းဆုံးတူညီသော လျှို့ဝှက်ထိန်းသိမ်းမှုအဆင့်ဖြင့် လုပ်ဆောင်ရမည်။ လျှို့ဝှက်စွာထိန်းသိမ်းရန် တာဝန်သည် အလုပ်ခန့်အပ်ထားခြင်းပြီးဆုံးပြီးနောက် သို့မဟုတ် ဘဏ်နှင့်ချုပ်ဆိုထားသောစာချုပ် အရ ပတ်သက်ဆက်နွယ်မှု ကုန်ဆုံးပြီးနောက်တွင်လည်း ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက် ထားရန် လိုအပ်သမျှကာလပတ်လုံး အကျုံးဝင်လွှမ်းခြုံသက်ရောက်မှုရှိသည်။

 

၇။ ဘဏ်၏ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်း၍ စည်းမျဉ်းဥပဒေများနှင့်အညီ လိုအပ်သည့်အတိုင်း စီမံခန့်ခွဲထားရှိရမည်။ လုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်၊ ဆက်သွယ်ဆောင်ရွက်သူအား အလေးထားစိစစ်ခြင်း ဝန်ဆောင်မှု ဆိုင်ရာများကို လုပ်ကိုင်ဆောင်ရွက်ခြင်းများနှင့် လူ့အရင်းအမြစ်များကို စနစ်တကျ စီမံအုပ်ချုပ်နိုင်ရေးအတွက် လိုအပ်မည့်အတိုင်းအတာတစ်ခုအတွင်း ကန့်သတ်၍ ကိုယ်ရေးအချက် အလက်များကို ရယူထိန်းသိမ်းထားရှိရမည်။

 

၈။ ဘဏ်ခွဲတာဝန်ခံများသည် ဘဏ်ခွဲများမှ စတင်သော ကိုယ်ရေးအချက်အလက်များ သို့မဟုတ် လက်ခံရရှိသော ကိုယ်ရေးအချက်အလက်များကို သင့်တော်မှန်ကန်စွာ အဆင့်ခွဲခြားသတ်မှတ်၍ ဘဏ်၏ စည်းမျဉ်းများနှင့် လမ်းညွှန်ချက်များနှင့်အညီသာလျှင် ဖွင့်ဟထုတ်ဖော်ပြောဆိုနိုင်သည်။ အတွင်းရေး ကိစ္စများဆွေးနွေးရာတွင် အခြားအခွင့်မရှိသူများ မကြားစေရန် ဂရုပြုဆောင်ရွက်ရမည်။ လျှို့ဝှက်ထားသည့် ကိုယ်ရေးအချက်အလက်များကို အလုပ်နှင့်သက်ဆိုင်သော ပြင်ပပုဂ္ဂိုလ်များအား မျှဝေပါက စာဖြင့် လျှို့ဝှက်ထိန်းသိမ်းမှု အဆင့်သတ်မှတ်၍ ဘဘောတူညီချက်ထားရှိရမည်။

၉။ ကိုယ်ရေးအချက်အလက်များကို ရယူစုဆောင်းခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် သိုမှီးသိမ်းဆည်းခြင်း တို့ကို တရားဝင်သည့် လုပ်ငန်းရည်ရွယ်ချက်များအတွက်သာ ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုကဲ့သို့ ကိုယ်ရေးအချက်အလက်များအား ရယူခဲ့သော မူလရည်ရွယ်ချက်များကို ကျော်လွန်၍ လိုအပ်သည်ထက် ကြာရှည်စွာ ရယူထိန်းသိမ်းထားခြင်းမရှိစေပဲ ဆက်သွယ်ဆောင်ရွက်သူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို လိုအပ်သည့်အတိုင်း အဆင့်ဆင့် ထိန်းသိမ်းရယူဆောင်ရွက်ရာတွင် သက်ဆိုင်သောပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်ရေးအချက်အလက်များ အတွက် လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဘဏ်တွင်း စည်းမျဉ်းစည်းကမ်းများအရ ဆောင်ရွက်ရမည်။

 

အစီရင်ခံခြင်း

၁၀။ ကိုယ်ရေးအချက်အလက်ရယူထိန်းသိမ်းမှုသည် ဘဏ်ခွဲတာဝန်ခံများတွင်တာဝန်ရှိသကဲ့သို့ ဆက်သွယ်ဆောင်ရွက်သူများ၏ ကိုယ်ရေးအချက်အလက်များသာမက ဘဏ်၏ အချက်အလက်များ နှင့်ပါ သက်ဆိုင်သော ဘဏ်၏ ရုံးချုပ်ဌာနခွဲများရှိ ဌာနမှူးများသည် ဤမူဝါဒအတွင်း အကြုံးဝင်ကာ ဘဏ်ခွဲတာဝန်ခံများကဲ့သို့ တာဝန်ရှိသည်။

 

၁၁။ ဘဏ်သည် ကိုယ်ရေးအချက်အလက်များနှင့်ပက်သက်သည့် လုပ်ငန်းဆာင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဘဏ်၏ ကတိတာဝန်များကို ထိပ်တန်းစီမံခန့်ခွဲသူများမှအကဲဖြတ်နိုင်ရန်အတွက် လုံလောက်သည့် အထောက်အကူပြု ကိုယ်ရေးအချက်အလက်များနှင့် စာရွက်စာတမ်းများကို ရနိုင်သမျှအဆင်သင့်ထားရှိရမည်။

 

စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူခြင်း

၁၂။ ဤမူဝါဒကို ချိုးဖောက်သူများသည် အလုပ်မှရပ်စဲခြင်းခံရနိုင်ရုံမျှမက လျှို့ဝှက်ချက်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်လဲ တရားစွဲဆိုခံရမည်ဖြစ်သည်။  မည်သို့သော ချိုးဖောက်မှု မျိုးတွင်မဆို လိုက်နာဆောင်ရွက်ရေးဆိုင်ရာအရာရှိ၏ စိစစ်တင်ပြချက်များနှင့် ဒါရိုက်တာ အဖွဲ့ဝင်များအနေဖြင့် သင့်လျော်သည်ဟု ယူဆသည့်အတိုင်း စီစဉ်ဆောင်ရွက်လျက် စုံစမ်းစစ်ဆေး စေနိုင်သည်။ အကယ်၍ ချိုးဖောက်ကျူးလွန်မှုတစ်ရပ်ရပ် ပေါ်ပေါက်ခဲ့ပါက ဘဏ်မှ သင့်လျော်သည် ဟုယူဆသကဲ့သို့ စည်းကမ်းထိန်းသိမ်းရေး သို့မဟုတ် တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များကို ချမှတ်ဆောင်ရွက်၍ အရေးယူရမည်။