Opening Hours 9:30 AM - 3:00 PM
ဘဏ်၏အကြောင်းအရာအကျဉ်းချုပ်
အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ကို နိုင်ငံတော်တစ်ဝှမ်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပံ့ပိုးပေးသွားရန်ရည်ရွယ်၍ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၏ ဦးဆောင်မှု၊ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၏ ကြီးကြပ်မှုတို့ဖြင့် ၁၉၉၀ ပြည့်နှစ်တွင် ပြဌာန်းသော မြန်မာနိုင်င်ငံငွေရေးကြေးရေးအဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လိုင်စင်အမှတ် မဗဘ/ပီ-၁၄(၁)၉၆ ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ အတွင်းရေးမှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးမှ ရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် ၁၉၉၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် မြန်မာ့စက်မှုလက်မှု့ ဖွံ့ဖြိုးရေးဘဏ် (MIDB) ရုံးချုပ်ကို ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါသည်။
၎င်းနောက်ပိုင်း အသေးစားနှင့်အလတ်စားစက်မှု့လုပ်ငန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင်များ၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၂ရက်နေ့တွင် အသေးစားနှင့်အလတ်စားစက်မှု့လုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMID Bank) အမည်သို့ လည်းကောင်း၊ ၂၀၁၉ခုနှစ်၊ သြဂုတ်လ ၂၁ရက်နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (SMED Bank)အဖြစ်သို့လည်းကောင်း အသီးသီး အမည်ပြောင်းလဲခဲ့ပါသည်။
အမှတ်(၂၉၈),အနော်ရထာလမ်းနှင့်ဝါးတန်းလမ်းထောင့်,
၂ရပ်ကွက်,လမ်းမတော်မြို့နယ်။
saleandmarketing@smedbank.com
Copyright © 2020 . SME DEVELOPMENT BANK
Reg No 180404422. All Right Reserved