SME Sector ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကထားဆွေးနွေးခဲ့ကြသော SME Sector ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို သြဂုတ်လ(၃၀)ရက်၊ ၂၀၁၉ခုနှစ်၊ သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော ဦးမြင့်သောင်း၊ မြို့တော်ဝန် ဦးမောင် မောင်စိုးတို့နှင့်အတူSME-Development Bank ၏အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်တို့ တက်ရောက်ခဲ့ကြပါသည်၊