Opening Hours 9:30 AM - 3:00 PM
Industries Bank of Korea (IBK) နှင့် SME-Development Bank တို့သည် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အချက်လက်များ နှင့် ဘဏ်နှစ်ခု ကြားဖွံ့ဖြိုး တိုးတက်ရေး တို့ ပါဝင်သော နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lottee Hotel ၌ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၄)ရက် ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနား (MOU Signing Ceremony) သို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယမြို့တော် ဝန်၊ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေ အတွင်းရေးမှုးဦးအောင်ကြည်စိုး နှင့် Industries Bank of Korea (IBK) မှ အကြီးအကဲများ SME-Development Bank မှ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အမှတ်(၂၉၈),အနော်ရထာလမ်းနှင့်ဝါးတန်းလမ်းထောင့်,
၂ရပ်ကွက်,လမ်းမတော်မြို့နယ်။
saleandmarketing@smedbank.com
Copyright © 2020 . SME DEVELOPMENT BANK
Reg No 180404422. All Right Reserved