ငွေသားလည်ပတ်စီးဆင်းမှု ချေးငွေ

SME - CFB LOAN ငွေသားလည်ပတ်စီးဆင်းမှုချေးငွေ ဆိုသည်မှာအာမခံအပေါင်ပစ္စည်းပေါ်တွင် အဓိကအခြေမခံပဲ လုပ်ငန်းတစ်ခု၏ ငွေသားစီးဆင်းလည်ပတ်မှုနှင့် အမြတ်ရရှိမှုအပေါ်တွင် အဓိကအခြေခံ၍ ထုတ်ချေးသော ချေးငွေ အမျိုးအစားတစ်ခု ဖြစ်ပါသည်။                

အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (Small & Medium Enterprise Development Bank – SMED Bank) သည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တစ်စိတ်တစ်ပိုင်းအနေဖြင့် SME - CFB LOAN (Cash Flow - Based Loan) ကိုပထမဦးစားပေး အနေဖြင့် အောက်ပါကဏ္ဍကြီးများအားချေးငွေထုတ်ချေးပေးသွားရန် စီစဉ်ထားရှိပါသည်။

  1. စိုက်ပျိုးရေးကဏ္ဍ(စပါး၊ ပြောင်း)
  2. မွေးမြုရေးကဏ္ဍ(ငါး၊ ပုစွန်၊ ဂဏန်း၊ ကြက်၊ နို့စားနွား)
  3. ကုန်ထုတ်လုပ်မှုကဏ္ဍ (စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်)

 

အထက်ပါ ကဏ္ဍများအနက် သွင်းကုန်အစားထိုးနှင့် ပို့ကုန်အားပေးသည့် လုပ်ငန်းများအား နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို တစ်ခန်းတစ်ကဏ္ဍ ပါဝင်ထောက်ပံ့ပေးသည့် အနေဖြင့် အဓိကထား ဦးစားပေး၍ ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ ချေးငွေထုတ်ပေးရာတွင်လည်းကဏ္ဍအလိုက် တိုးတက်မှုနှုန်းကို ထင်သာမြင်သာမှုရှိစေရန်အတွက် တစ်နှစ်ပတ်လုံး ထုတ်ချေးခြင်းမပြုဘဲ အဆင့်(၁) အဆင့် (၂) အစရှိသဖြင့် အဆင့်အလိုက်သာချေးငွေများကိုထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်၏ အသေးစားအလတ်စားလုပ်ငန်းသည် အောက်ပါအချက်အလက် (၅)ချက်နှင့် ကိုက်ညီရန် အရေးကြီးပါသည်။

  1. စိုက်ပျိုးရေးကဏ္ဍ (စပါး၊ ပြောင်း) ၊ မွေးမြုရေးကဏ္ဍ (ငါး၊ ပုစွန်၊ ဂဏန်း၊ ကြက်၊ နို့စားနွား) ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ (စားသောက်ကုန်၊ လူသုံးကုန်၊ အဝတ်အထည်) တို့တွင် လုပ်ကိုင်နေသော အသက် (၂၀) နှစ် နှင့် (၆၀) နှစ် ကြား မြန်မာနိုင်ငံသား ဖြစ်ရမည်။
  2. စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းလုပ်သက် (၂) နှစ်နှင့် အထက် ရှိရမည်ဖြစ်ပြီးချေးငွေအတွက် တင်ပြသောလုပ်ငန်းသည် အနည်းဆုံး (၁) နှစ် ဆက်တိုက်လည်ပတ်နေသောလုပ်ငန်းဖြစ်ရမည်။
  3. SME အသင်းဝင်ကဒ် ရှိရမည်။
  4. လျှောက်ထားလိုသောချေးငွေပမာဏသည် သန်း (၅၀) ထက်မပိုရ။
  5. ချေးငွေရည်ရွယ်ချက်အားအသေးစိတ်တင်ပြနိုင်ရမည်။

 

သတ်မှတ်ချက်များမှာ -

  • အတိုးနှုန်းမှာတစ်နှစ်လျှင် (၁၂%)
  • ဘဏ်ဝန်ဆောင်စရိတ် (၁%)
  • ချေးငွေသက်တမ်းမှာ-၉လမှ၁၂လအထိ
  • အာမခံပစ္စည်းမလို

 

လိုအပ်ချက်များ -

  1. လုပ်ငန်းလိုင်စင်
  2. SME အသင်းဝင်ကတ်၊ထောက်ခံချက်(မူရင်း)
  3. ချေးငွေအသုံးပြုမည့်အစီအစဉ်၊လုပ်ငန်းအကျဉ်းချုပ်
  4. အခွန်ပြေစာ(ကုန်သွယ်/ဝင်ငွေ)၊
  5. လုပ်ငန်း၏ ဝင်ငွေ ၊ထွက်ငွေ အရှုံး/အမြတ်စာရင်း