ပို့ကုန်ဆိုင်ရာဘဏ္ဍာရေး ဝန်ဆောင်မှု

၁.သင်္ဘောမတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း
သင်္ဘောမတင်မီ ကုန်ပစ္စည်းဝယ်ယူထုတ်လုပ်ရန် ကြိုတင်ငွေထုတ်ယူခြင်း၊ ပို့ကုန်ထုတ်လုပ်မှုအဆင့်နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဖိုးငွေအား ကြိုတင်ချေးငွေထုတ်ပေးခြင်း ဖြစ်ပါသည်။

 

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်

ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ

  • ပို့ကုန်ထုတ်လုပ်မှုအဆင့်နှင့် သင်္ဘောတင်ရန်အတွက် ကုန်တန်ဖိုးငွေအား အထောက်အပံ့ပေးခြင်း။
  • ချေးငွေဖြင့် လုပ်ငန်းပိုမိုလည်ပတ်နိုင်ရန်အတွက် အခွင့်အလမ်းပိုမို ရရှိခြင်း။
  • ကုန်ဝယ်သူများအားလည်း ပြန်လည်ပေးဆပ်ရမည့်ကာလ ပိုမိုထားရှိနိုင်ခြင်း။

 

လုပ်ငန်းလမ်းညွှန်

  • ကုန်ဝယ်သူများ၏ ဘဏ်မှငွေလွှဲစာတမ်းပေးပို့ခြင်း။
  • SME Development Bank မှရရှိလာသော ငွေလွှဲစာတမ်းအား ကုန်ရောင်းသူထံသို့ အကြောင်းကြားခြင်း။
  • ကုန်ရောင်းသူမှ ချေးငွေ လျှောက်ထားခြင်း။
  • SME Development Bank မှ ကုန်ရောင်းသူအား (၈၀%) အထိ ချေးငွေထုတ်ပေးခြင်း။
  • ကုန်ရောင်းသူမှ ပစ္စည်းထုတ်လုပ်ခြင်းနှင့် ကုန်ပစ္စည်းတင်ပို့ခြင်း။
  • ကုန်ရောင်းသူမှ SME Development Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်း အထောက်အထားများအား တင်ပြခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ စာရွက်စာတမ်းအထောက်အထားများကို SME Development Bank မှ ပေးပို့ခြင်း။
  • ကုန်ဝယ်သူမှ ငွေပြန်လည်ပေးချေခြင်း။
    *** လုပ်ငန်းကြာချိန် - SME Development Bank နှင့် credit line ရှိပြီးပါက လုပ်ငန်းဆောင်ရွက်ချိန် (၃) ရက်ကြာမြင့်မည်။ ***

 

နှုန်းထား နှင့် အဖိုးအခများ
ဝန်ဆောင်မှု နှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

 

လိုအပ်ချက်များ

  • Packing Loan လျှောက်လွှာ
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ်သဘောတူညီချက်
  • SME Development Bank မှလက်ခံနိုင်သော ငွေလွှဲစာတမ်း
  • ကုန်ရောင်းပြေစာ
  • ပို့ကုန်လိုင်စင်

Collection စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း
ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သောစာရွက်စာတမ်း အထောက်အထားပေါ်တွင် SME Development Bank မှ ငွေကြိုတင်ထုတ်ပေးနိုင်ပါသည်။

 

သင့်လုပ်ငန်းအတွက် အကျိုးအမြတ်
SME Development Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : DP/DA တွင်ပါရှိသောစည်းမျဉ်းစည်းကမ်းများအရ

 

ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ

  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွှေ့စေခြင်း။
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျှင်မြန်စွာ ရရှိနိုင်ခြင်း။
  • ကုန်ရောင်းပြေစာ၏ (၅၀%) မှ (၈၀%) အတွင်း ချေးငွေထုတ်ပေးခြင်း။
  • ထိုငွေဖြင့် ပြန်လည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။
  • သတ်မှတ်ကာလပြည့်သည့်အခါ ကုန်ဝယ်သူမှ ငွေပေးချေပါမည်ဟု သဘောတူလက်မှတ်ရေးထိုး၍ စာရွက်စာတမ်းများအား လွှဲပြောင်းရယူခြင်း။

 

လုပ်ငန်းလမ်းညွှန်

(Document against Payment - DP) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်း များဝယ်ယူခြင်း)

  • အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ် ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများပေးပို့ခြင်း။
  • ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်း နှင့်အတူ SME Development Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
  • SME Development Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ SME Development Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းများအား ပေးပို့ခြင်း။
  • ကုန်ဝယ်သူမှ SME Development Bank သို့ ငွေပြန်လည်ပေးခြင်း။
  • ကုန်ဝယ်သူထံသို့ သူ၏ဘဏ်မှ စာရွက်စာတမ်းများအား ထုတ်ပေးခြင်း။

 

(Document against Acceptance- DA) စနစ်ဖြင့် ကုန်ပစ္စည်းတင်ပို့သော စာရွက်စာတမ်းများဝယ်ယူခြင်း)

  • အရောင်းအဝယ်စာချုပ်အား ကုန်ဝယ်သူနှင့် စာချုပ် ချုပ်ဆိုခြင်း။
  • ကုန်ရောင်းသူမှ ကုန်ဝယ်သူထံသို့ ပစ္စည်းများပေးပို့ခြင်း။
  • ကုန်ရောင်းသူမှ ကုန်တင်ပို့ထားသော စာရွက်စာတမ်းများနှင့်အတူ SME Development Bank သို့ ငွေကောက်ခံပေးရန် လျှောက်ထားခြင်း။
  • SME Development Bank မှ with recourse basis ဖြင့် ကြိုတင်ငွေထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ ဘဏ်သို့ SME Development Bank မှ ကုန်တင်ပို့ထားသောစာရွက်စာတမ်းများအား ပေးပို့ခြင်း။
  • ကုန်ဝယ်သူထံသို့ ၎င်း၏ဘဏ်မှ ကုန်တင်ပို့ထားသော စာရွက်စာတမ်းများအား ထုတ်ပေးခြင်း။
  • ကုန်ဝယ်သူ၏ဘဏ်မှ SME Development Bank အား Draft လက်ခံကြောင်းနှင့် သတ်မှတ်ရက်
  • ကာလ ပြည့်ပါက ငွေပေးချေမည် ဖြစ်ကြောင်းအကြောင်းကြားခြင်း။
  • ကုန်ဝယ်သူမှ ၎င်း၏ဘဏ်မှတဆင့် SME Development Bank သို့ သတ်မှတ်ရက်ကာလပြည့်ပါက ငွေပြန်လည်ပေးချေခြင်း။

 

နှုန်းထား နှင့် အဖိုးအခများ

  • ဝန်ဆောင်မှု နှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

ကုန်တန်ဖိုးငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးခြင်း
ကုန်ရောင်းသူအတွက် အချိန်တိုကာလချေးငွေ ရရှိနိုင်ခြင်းဖြစ်ပါသည်။ ကုန်ရောင်းသူမှ ရောင်းချထားသော ကုန်တင်ပို့သော စာရွက်စာတမ်းအထောက်အထားပေါ်တွင် SME Development Bank မှ ငွေကြိုတင်ထုတ်ပေးပါသည်။

 

အကျိုးကျေးဇူးများ
SME Development Bank ၏ လုပ်ငန်းစဉ် : ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုနှင့် ချေးငွေထုတ်ပေးသောဘဏ်
ချေးငွေခွင့်ပြုကာလ : ရက်ပေါင်း (၃၀) မှ (၁၈၀) ထိ

 

ကုန်ပို့သူအတွက် အကျိုးကျေးဇူးများ

  • ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေခြင်း။
  • ဘဏ်မှ ကြိုတင်ခွင့်ပြုထားသော ချေးငွေကာလ အထိ အသုံးပြုနိုင်ခြင်း။
  • ကုန်ရောင်းပြေစာ၏ (၅၀%) မှ (၈၀%) အတွင်း ချေးငွေထုတ်ပေးခြင်း။
  • ချေးငွေခွင့်ပြုချက်ပေါ်တွင် ငွေသားလျှင်မြန်စွာ ရရှိနိုင်ခြင်း။
  • ထိုငွေဖြင့် ပြန်လည် ရင်းနှီးမြှပ်နှံမှု ပြုလုပ်နိုင်၍ အကျိုးအမြတ်ရနိုင်ခြင်း။

 

လုပ်ငန်းလမ်းညွှန်

  • ကုန်ရောင်းသူမှ ကုန်ပစ္စည်းတင်ပို့ခြင်း။
  • SME Development Bank သို့ ကုန်တင်ပို့သော စာရွက်စာတမ်းများမှ ငွေတောင်းခံလွှာပေါ်တွင် ချေးငွေထုတ်ပေးရန် တင်ပြခြင်း။
  • ကုန်တင်ပို့ထားသော စာရွက်စာတမ်းများ လက်ခံရရှိမှု အပေါ်တွင် SME Development Bank မှ with recourse basis ဖြင့် ငွေကြိုတင်ထုတ်ပေးခြင်း။
    ကုန်ဝယ်သူထံမှ ငွေလက်ခံရရှိခြင်း။
  • SME Development Bank သို့ ငွေပြန်လည်ပေးဆပ်ခြင်း။

 

နှုန်းထားနှင့် အဖိုးအခများ

  • ဝန်ဆောင်မှုနှုန်းထားများကို သီးခြား အကြောင်းကြားပေးပါမည်။

 

လိုအပ်ချက်များ

  • Invoice Financing (Sales) လျှောက်လွှာ
  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ
  • အရောင်းအဝယ်သဘောတူညီချက်
  • ကုန်ရောင်းပြေစာ
  • ပို့ကုန်လိုင်စင်
  • သင်္ဘောတင်စာရွက်စာတမ်းများ
  • ထုတ်ကုန်ကြေငြာလွှာ