JICA ချေးငွေ
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ နှင့် SME Bank တို့ပူးပေါင်းပြီး ချေးငွေသက်တမ်း (၅)နှစ်အထိ ထုတ်ချေးပေးသော သာမန်ဘဏ်အတိုးနူန်းထက်သက်သာသည့်ချေးငွေအမျိုးအစားဖြစ်ပါသည်။
JiCA အဖွဲ့အစည်းမှ သတ်မှတ်ထားသော လုပ်ငန်းများအတွက် သာ ထုတ်ချေးပေးခြင်းဖြစ်သည်
သတ်မှတ်ချက်များမှာ -
- အတိုးနှုန်းမှာ (၅.၅%)
- ချေးငွေသက်တမ်းမှာ (၅) နှစ်
- ပုံသေပိုင်ပစ္စည်းဝယ်ယူရန်အတွက် (၈၀%) နှင့် လုပ်ငန်းလည်ပတ်ငွေအဖြစ်(၂၀%) အသုံးပြုရမည်။
လိုအပ်ချက်များ
- (၆)လအတွင်းရိုက်ကူးထားသောလိုင်စင်ဓါတ်ပုံ (၃)ပုံ
- မှတ်ပုံတင် မိတ္ထူ
- အိမ်ထောင်စုစာရင်း မိတ္ထူ
- သက်တမ်းရှိလုပ်ငန်းလိုင်စင်
- လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့်အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ
- (၃) နှစ်စာ ဝင်ငွေခွန်ပြေစာ
- (၃) နှစ်စာ ဘဏ္ဍာရေးရှင်းတမ်း (ဝင်ငွေ၊ထွက်ငွေ အရှုံး/အမြတ်စာရင်း)
- အပေါင်ပစ္စည်း (မြေ နှင့် အဆောက်အဦး)
- SME- Development Bank မှငွေ ချေးယူ ရန်မှတ်ချက် ပါ (၆) လ အတွင်း ရေးကူးထား သော မြေပုံ/မြေရာဇာဝင် (၁၀၅/၁၀၆)
- အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ
- အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း
- အာမခံပစ္စည်းဓါတ်ပုံရှေ့၊နောက်၊ဝဲ၊ယာ နှင့် လုပ်ငန်းဓါတ်ပုံ(၃)ပုံ
- ချေးငွေအသုံးပြုမည့်အစီအစဉ်
- အစည်းဝေးဆုံးဖြတ်ချက်မှတ်တမ်း
- အာမခံတင်သွင်းသည့်ပစ္စည်းစာရင်း/တန်ဘိုး