လစာပေးခြင်း ဝန်ဆောင်မှုများ
SME Development Bank သည် ATM ကဒ်ဖြင့် လစာပေးခြင်း ဝန်ဆောင်မှုများကို လူကြီးမင်းတို့၏ ဝန်ထမ်းများအား အချိန်မှန်တိကျစွာဖြင့် လစာပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်မှု၏အားသာချက်
- လစာပေးခြင်း ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် အချိန်ကုန်သက်သာစေရန်နှင့် ငွေကြေးစုဆောင်းမှုရှိစေခြင်း
- တိကျ မှန်ကန် လုံခြုံစွာ လစာထုတ်ပေးနိုင်ခြင်း
စည်းကမ်းချက်များ
- လစာစာရင်းများအား SME Development Bank ဘဏ်မှပေးပို့သော excel file format ဖြင့် လစာ စာရင်းများ အား စစ်ဆေးပြီး card@smedbank.com သို့ excel file နှင့် pdf file နှစ်ခုဖြင့် လစာပေးမည့်နေ့ မတိုင်မှီ နှစ်ရက်(အလုပ်ဖွင့်ရက် )ကြိုပေးပို့ရပါ မည်။
- နယ်ဘဏ်ခွဲမှ ဖွင့်လှစ်ထားသော ကဒ်အကောင့် များအား လစာစာရင်းငွေသွင်းပါက ၅၀၀ကျပ် ပေးသွင်းရမည်။
စာရင်းဖွင့်ရန်လိုအပ်ချက်များ
- Company letter head ဖြင့် ဝန်ထမ်းများ၏လစာစာရင်းများ အတွက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် တာဝန်ယူဆောင်ရွက်နိုင်သောသူ နှစ်ဦးအား တာဝန်ပေးကြောင်းအကြောင်းကြားစာတစ်စောင်နှင့် ဆက်သွယ်ရန် E mail အားပေးပို့ရပါမည်။
- Company ၏ စာရင်းဖွင့်လှစ်မည့် ဝန်ထမ်းများ ကိုယ်ရေးအချက် အလက်များ Schedule နှင့် opening form ဝန်ထမ်းများ ကိုယ်ရေး အချက်အလက်များ မှန်ကန်ကြောင်းထောက်ခံရပါမည်။ Schedule ပါ ဝန်ထမ်းများ စာရင်း ဖွင့်ခွင့်ပြုပါရန် letter head တစ်စောင်ပေးရပါမည်။
- ကနဦးစာရင်းသွင်းငွေအဖြစ် အနည်းဆုံး ၁၀၀၀ ကျပ်ဖြင့် ဖွင့်လှစ်နိုင်သည်။စာရင်းဖွင့် ပြီးပါက excel file format အား တောင်းယူနိုင်ပါသည်။
ဝန်ဆောင်မှုအတိုးနှုန်းများ
- Card 1,000 MMK
- Salary charges per transaction 200 MK