Opening Hours 9:30 AM - 3:00 PM
SME Development Bank ၏ MPU Debit Card သည် Secure Chip Card အမျိုးအစားဖြစ်ပြီး ပြည်တွင်း၌ MPU ကတ်အဖြစ်သုံးစွဲနိုင်သည့် Debit Card အမျိုးအစားဖြစ်ပါသည်။ SME Development Bank ၏ MPU Debit Card ဖြင့်
(၁) နီးစပ်ရာ မည်သည့် ATM စက်များတွင်မဆို ငွေသားထုတ်ယူနိုင်ခြင်း ၊
(၂) POS စက်တပ်ဆင်ထားသော Merchant များတွင်ဈေးဝယ်နိုင်ခြင်း၊
(၃) E-Commerce ကဲ့သို့ Online မှ ငွေပေးချေခြင်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
၁။ နိုင်ငံသားမှတ်ပုံတင်/ နိုင်ငံကူးလက်မှတ်
၂။ အနည်းဆုံး minimum deposit 1000ကျပ်မှ စတင်၍ ဖွင့်လှစ်နိုင်ပါသည်။
၃။ E-mail address
၄။ Contact Address
၅။ Mobile Phone No တို့လိုအပ်ပါသည်။
အခြားသိသင့်သိထိုက်သောအချက်များ။
SME Development Bank ၏ ATM မှတဆင့်
ATM စက်များတွင်တနေ့တာအများဆုံးငွေသားထုတ်ယူနိုင်မှုပမာဏများမှာ
ကတ်နှင့် ပတ်သက် ၍ အကူညီများရယူလိုပါက SME Development Bank Card Center Hotline No.
(၀၁-၂၃၀၂၄၀၉)(အရေးပေါ်လိုင်းနံပါတ်)သို့ ဆက်သွယ်ပြီး အကူညီများရယူနိုင်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက SME Development Bank ၏ Call Center No 09-441202217 သို့ ဆက်သွယ်နိုင်ပါသည်။
Fees & Charges |
||
အနည်းဆုံးကနဦးပေးသွင်းငွေ |
1000 MMK |
|
အနည်းဆုံးထားရမည့်လက်ကျန်ပမာဏ
|
1000 MMK |
|
ကတ်ပျောက်ဆုံး/ပျက်စီးခြင်းအတွက်ကတ်အသစ်ပြန်လည် |
3000MMK |
|
ကတ်သက်တမ်းကုန်ဆုံးခြင်းအတွက် ပြန်လည် |
1000MMK |
|
POS စက်များတွင်ငွေပေးချေခြင်း (POS transactions) |
Free |
|
Online မှ ငွေပေးချေခြင်း (Online Payment transactions) |
Free |
|
|
SME Development Bank |
Other Bank |
ATM မှငွေသားထုတ်ယူခြင်း (Cash Withdraw transactions) |
Free (in SME Development Bank-ATMs) |
0.05(per transaction) |
စာရင်းလက်ကျန်ငွေစစ်ဆေးခြင်း (Balance Inquriy) |
Free |
Other Bank Rate |
SME Development Bank ၏ MPU Debit ကတ်သည် SME Development Bank ၏ မည်သည့်ဘဏ်ခွဲ၌မဆို အလွယ်တကူ လျှောက်ထားနိုင်ပါသည်။
၁။ အွန်လိုင်းမှတဆင့် ငွေပေးချေမှုများပြုလုပ်လိုပါက လူကြီးမင်း၏ MPU Card သည် Ecommerce လျှောက်ထားသည့် Card ဖြစ်ရပါမည်။
၂။ ဘဏ်တွင် MPU Debit Card ကို လျှောက်ထားပြုလုပ်ရင်း Online Ecommerce Payment ငွေပေးချေမှုပြုလုပ်နိုင်ရန်အတွက် ဘဏ်တွင် E-Commerce Register ကို တခါတည်းလျှောက်ထားနိုင်ပါသည်။
၃။ Online မှစျေးဝယ်ခြင်းဆောင်ရွက်ရာတွင် တစ်ခါသုံးလျှို့ဝှက်နံပါတ် (OTP)ပေးပို့အသုံးပြုရန်အတွက် E-mail address နှင့် Mobile Phone Number ရှိရန်လိုအပ်ပါသည်။
၄။ လက်ရှိအသုံးပြုနေတဲ့ SME Development Bank၏ MPU Card တွေကို E-Commerce Register ပြုလုပ်ပြီး MPU Online Payment အသုံးပြုနိုင်သော မည်သည့် E-Commerce Website ၌မဆို လိုအပ်တဲ့ စားသောက်ကုန်ပစ္စည်းတွေသာမက အဝတ်အစားနှင့် လူသုံးကုန်ပစ္စည်း တွေကိုဝယ်ယူပြီး ငွေပေးချေ အသုံးပြုနိုင်မှာပါဖြစ်ပါသည်။
၅။ E-Commerce ဖြင့် စျေးဝယ်ရာတွင် အသုံးပြုရမည့် E-commerceလျှောက်လွှာကိုဖြည့်စွက်ပြီးသည်နှင့် One Time Password ကို Email (သို့) SMS ဖြင့် ပေးပို့လက်ခံရရှိခြင်းကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင် ခြင်းအပြင် Card အသုံးပြုခြင်းဖြင့် ရရှိနိုင်သော Promotion သတင်းများကိုလည်း SME Development Bank ၏ Face Book Page မှတဆင့် သိရှိနိုင်မည်ဖြစ်ပါသည်။
၆။ ထို့အပြင် သက်ဆိုင်ရာ မည်သည့် POS Merchants များတွင်မဆို ငွေသားသယ်ယူသွားစရာမလိုဘဲ SME Development Bank ၏ MPU Debit Card ကို သုံး၍ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။
Online မှ E-commerce လျှောက်ထားပုံအဆင့်ဆင့်
Online မှတဆင့်လျှောက်မည်ဆိုပါက အောက်ပါ Link သို့သွားရောက်လျှောက်ထားနိုင်ပါသည်။
https://www.mpu-ecommerce.com/Payment/MPUOnlineEnrollment.aspx
E-commerce Enrollment လုပ်မည်ဆိုပါက..
1. Card Number နေရာတွင် မိမိအသုံးပြုလိုသောကတ်၏ နံပါတ်ကို ရိုက်ထည့်ပါ။
2. ပြီးလျှင် Check and continue Button ကို နှိပ်ပါ။
3. နှိပ်ပြီးပါက Card Expiry နေရာတွင် Card မှာပါတဲ့ VALID THRU ဘေးကနံပါတ် (Expire Date) ကိုဖြည့်သွင်းပေးပါ။
4. Name နေရာတွင် Card ပိုင်ရှင်၏အမည်ကို ဖြည့်သွင်းပါ။
5. Email နေရာတွင် မိမိ၏အမြဲသုံးနေကျ (e-mail or G-mail) ကိုရိုက်ထည့်ပေးပါ။ (E-mail or G-mail အကောင့်ရှိမှသာလျှင် E-commerce အသုံးပြုနိုင်မည်ဖြစ်သည်)
6. Date of Birth နေရာတွင် မိမိ၏ မွေးနေ့ကို ရွေးခြယ်ထည့်ပေးပါ။
7. NRC နေရာတွင် မိမိ၏မှတ်ပုံတင်နံပါတ် ကို ရိုက်ထည့်ပေးရပါမည်။
8. Enter the text shown above နေရာတွင် ၎င်း၏အပေါ်တွင်လေးထောင့်ကွက်ဖြင့်ဖော်ပြထားသော (Captcha)စာလုံးအမဲများကို ရိုက်ထည့်ပေးပါ။ (မသဲကွဲပါက စာလုံးအမဲဘေးတွင်ရှိသော မျှားအကောက်လေးကို နှိပ်ပါ)
9. I declare that above information is correct. ထိပ်မှ လေးထောင့်ကွက် ကို အမှန်ခြစ်ပေးပါ။(မိမိဖြည့်ထားသောစာများ မှန်ကန်ကြောင်းစစ်ဆေးပြီး အမှန်ခြစ် ခြစ်ပေးပါ)
10. ပြီးပါက SUBMIT NOW Button ကိုနှိပ်ပါ။
11.SME Development Bank ၏ Customer များအနေဖြင့် Online Website မှ Registration ပြီးဆုံးပါက မိမိတို့ဘဏ်သို့ လက််ရှိအသုံးပြုနေသော ဖုန်းနံပါတ်ကို အကြောင်းကြားပေးပို့ရန်လိုအပ်ပါသည်။
လိုအပ်သောအချက်အလက်များဖြည့်စွက်ပြီးပါက SME Development Bank ဘဏ်မှ Approve ပြုလုပ် ပေးမည်ဖြစ်ပါသည်။
အမှတ်(၂၉၈),အနော်ရထာလမ်းနှင့်ဝါးတန်းလမ်းထောင့်,
၂ရပ်ကွက်,လမ်းမတော်မြို့နယ်။
saleandmarketing@smedbank.com
Copyright © 2020 . SME DEVELOPMENT BANK
Reg No 180404422. All Right Reserved