အရစ်ကျအဌားဝယ်စနစ်

လူကြီးမင်းတို့၏ လုပ်ငန်းသုံးအိမ်သုံး ကားများဝယ်ယူရာတွင်ငွေလုံးငွေရင်းတစ်ခါတည်းကုန်ကျရန်မလို ဘဲအဆင်ပြေလွယ်ကူသောအရစ်ကျပြန်လည်ပေးဆပ်နိုင်သည့်အစီအစဉ်ဖြင့်ဘဏ်မှဘဏ္ဍရေးဆိုင်ရာထောက်ပံ့ပေးသောချေးငွေဖြစ်ပါသည်။

 

သတ်မှတ်ချက်များ -
  • ကနဦးပေးသွင်းငွေမှာကားတန်ဖိုး၏ (၃၅%)
  • မော်တော်ယာဉ် သက်တမ်း (၂နှစ်)
  • မရွှေ့ပြောင်းနိုင်သော ပစ္စည်း  (တိုက်ခန်း) (၃နှစ်)
 
အတိုးနှုန်းမှာ
  • သက်တမ်း (၁) နှစ်အတွက် (၉%)
  • သက်တမ်း (၂) နှစ်အတွက် (၅%)
  • သက်တမ်း (၃) နှစ်အတွက် (၅%)

 

ဘဏ်ဝန်ဆောင်စရိတ်
  • P.O Commission (၀.၁%)
  • တနှစ်လျင် Services Charges (၁%) (နှစ်အလိုက် တနှစ်တခါကောက်ခံခြင်း)
 
လိုအပ်ချက်များ -
  1. လျှောက်ထားသူ၏ (၆) လအတွင်းရိုက်ကူးထားသောလိုင်စင်ဓါတ်ပုံ(၃)ပုံ
  2. မှတ်ပုံတင်မိတ္တူ
  3. အိမ်ထောင်စုစာရင်းမိတ္တူ
  4. ရပ်ကွက်ထောက်ခံစာ (၁လသက်တမ်းရှိရမည်။)
  5. ရဲစခန်းထောက်ခံစာ (၁လသက်တမ်းရှိရမည်။)
  6. ဝင်ငွေအထောက်အထား (၃လစာ လစာမှတ်တမ်း)
  7. အာမခံသူ (၂) ဦး ၏ မှတ်ပုံတင်မိတ္ထူ ၊ သန်းခေါင်းစာရင်း မိတ္ထူ
  8. ဝယ်ယူသည့်ပစ္စည်း၏ ရှေ့၊နောက်၊ဝဲ၊ယာ ဓါတ်ပုံ
  9. စရံပေးစာချုပ်(သို့) အရောင်းအဝယ်စာချုပ်
  10. ကုမ္ပဏီနှင့်ချိတ်ဆက်ဝယ်ယူလျှင်မော်တော်ကားကိုယုံကြည်စွာ အပ်နှံခြင်းစာချုပ်
  11. ကားမှတ်ပုံတင်စာအုပ်(မူရင်း)
  12. ပရီမီယံစာအုပ်(မူရင်း)
  13. Insurance Policy စာချုပ်(မူရင်း)၊ (မီးအာမခံ)
  14. လုပ်ငန်းလိုင်စင်မိတ္တူ၊ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
  15. အစည်းဝေးဆုံးဖြတ်ချက်မှတ်တမ်း