SME-Development Bank

SME-Development Bank ၏(၂၇) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေး (Annual General Meeting) ကျင်းပခြင်း
 
SME-Development Bank ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် (၂၇)ကြိမ် မြောက် နှစ်ပတ်လည် အထွေထွေ အစည်း အဝေး(Annual General Meeting) ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်၊ စနေနေ့တွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Annual General Meeting သို့ SME-Development Bank ၏ ဥက္ကဌ သီရိ သုဓမ္မသိင်္ဂီဒေါ်စန်းစန်းရီ နှင့် အုပ်ချူပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊စီမံခန့်ခွဲ မှုကော်မ တီဝင်များ၊ SME-Development Bank ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစုရှယ်ယာရှင် များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး SME-Development Bank ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇင်မာကြင်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှစ်ပတ်လည်အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းများကိုဖတ်ကြား ရှင်းလင်း၍ အတည်ပြုချက်အား ရယူဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်ဒါရိုက်တာ အဖွဲ့၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ အပေါ် စာရင်းစစ်အစီ ရင်ခံစာကို ပြင်ပ စာရင်းစစ်ဖြစ်သည့် JF(Justice & Fair) Groupမှဖတ်ကြားရှင်း လင်း၍ အတည် ပြုချက်အားရယူဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ဒါရိုက်တာအဖွဲ့ဝင်အသစ်များ ၏ အမည်စာရင်းကြေညာခြင်း၊သီးခြားလွတ်လပ် သောဒါရိုက်တာ အမည်စာရင်း ကြေညာခြင်းနှင့်ပြင်ပစာရင်းစစ်အဖွဲ့ရွေးချယ်ကြေညာခြင်းတို့ကိုဆောင်ရွက်ခဲ့ပါ သည်။ ဆက်လက်၍ အစုရှယ်ယာရှင်များ၏မေးမြန်းချက်များကိုတာဝန်ရှိလူကြီး မင်းများမှပြန်လည်ဖြေကြားခဲ့ပါသည်။ အခမ်းအနားအား SME-Development Bank ၏ ဥက္ကဌဖြစ်သူ သီရိသုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီမှ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ ပြီးအခမ်းအနားကို အောင်မြင် စွာရုပ်သိမ်းခဲ့ပါသည်။
“လုံခြုံ၊စိတ်ချ၊မှန်ကန်၊မြန်ဆန် SME-Development Bank