Mortgage Loan

လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သောချေးငွေအတွက် ဘဏ်သို့ အပေါင်ပစ္စည်းပေးအပ်၍ လျှောက်ထားနိုင်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။


သတ်မှတ်ချက်များမှာ-
• အတိုးနှုန်းမှာ (၁၀%)
• ချေးငွေသက်တမ်းမှာ (၅) နှစ်မှ (၁၀)နှစ်ထိ ဖြစ်ပါသည်။
• ဘဏ်ဝန်ဆောင်ခ (၁.၅%)


လိုအပ်ချက်များမှာ-
၁။ (၆)လအတွင်းရိုက်ကူးထားသောလိုင်စင်ဓါတ်ပုံ (၃)ပုံ
၂။ မှတ်ပုံတင် မိတ္ထူ
၃။ အိမ်ထောင်စုစာရင်း မိတ္ထူ
၄။ သက်တမ်းရှိလုပ်ငန်းလိုင်စင်
၅။ လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့်အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ
၆။ အာမခံပစ္စည်းနှင့်လုပ်ငန်းတည်နေရာ၏ စည်ပင်ခွန် (သို့) မီတာခွန်
၇။ (၃) နှစ်စာ ဝင်ငွေခွန်ပြေစာ
၈။ (၃) နှစ်စာ ဘဏ္ဍာရေးရှင်းတမ်း (ဝင်ငွေ၊ထွက်ငွေ အရှုံး/အမြတ်စာရင်း)
၉။ အပေါင်ပစ္စည်း (မြေ နှင့် အဆောက်အဦး)
၁၀။ SME- Development Bank မှငွေ ချေးယူ ရန်မှတ်ချက် ပါ (၆) လ အတွင်း ရေးကူးထား သော မြေပုံ/မြေရာဇာဝင်(၁၀၅/၁၀၆)
၁၁။ အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ
၁၂။ အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း
၁၃။ အာမခံပစ္စည်းဓါတ်ပုံရှေ့၊နောက်၊ဝဲ၊ယာ နှင့် လုပ်ငန်းဓါတ်ပုံ(၃)ပုံ
၁၄။ ချေးငွေအသုံးပြုမည့်အစီအစဉ်
၁၅။ အစည်းဝေးဆုံးဖြတ်ချက်မှတ်တမ်း
၁၆။ အာမခံတင်သွင်းသည့်ပစ္စည်းစာရင်း/တန်ဘိုး

Search
Latest Posts

Fake News

SME-Development Bank “မသမာသူများ၊ လိမ်လည်သူများ၏ အန္တရာယ်မှလုံခြုံမှုရှိစေရန်အသိပေးကြေငြာခြင်း”  SME-Development Bank ၏ တရားဝင်ဖွင့်လှစ်ထားသော ဘဏ်ခွဲလိပ်စာများနှင့် ဖုန်းနံပါတ်များတွင်သာ ငွေသွင်း/ငွေထုတ်ပြုလုပ်ခြင်း၊ ငွေလွှဲဝန်ဆောင်မှုပြုလုပ်ခြင်းများနှင့် ချေးငွေလျှောက်ထားခြင်းစသည့် ဘဏ်ဝန်ဆောင်မှုများကို လူကိုယ်တိုင်လာရောက်၍သာ ပြုလုပ်နိုင်ပါသည်။𝐎𝐧𝐥𝐢𝐧𝐞 မှတစ်ဆင့်ချေးငွေလျှောက်ထားခြင်း၊ ငွေသွင်း/ငွေထုတ်ခြင်းများ၊ ငွေလွှဲဝန်ဆောင်မှုအား ဆောင်ရွက်ပေးခြင်းမရှိပါကြောင်း မိတ်ဟောင်း/ မိတ်သစ် Customer များအားလေးစားစွာဖြင့်...

Branch Opening

SME-Development Bank Branch Opening SME-Development Bank ၏ ပန်းဆိုးတန်းဘဏ်ခွဲအား ကန်တော်ကြီးဘဏ်ခွဲအဖြစ် ပြောင်းရွှေ့ဖြစ်လှစ်ပြီးဖြစ်ပါကြောင်း Customer များအား အသိပေးအကြောင်းကြားခြင်း။ ပန်းဆိုးတန်းဘဏ်ခွဲအား ၂၀၂၃၊ဖေဖော်ဝါရီလမှစတင်ပြီး ကန်တော်ကြီးဘဏ်ခွဲအဖြစ် အောက်ပါလိပ်စာသို့ ပြောင်း‌ရွေ့ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်းနှင့် Customer များအနေဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ကန်တော်ကြီးဘဏ်ခွဲတွင် ဆက်လက်ရယူသွားနိုင်ပါကြောင်း မိတ်ဟောင်း/ မိတ်သစ် Customer...