Post: Assistance for flood victims

SME-Development Bank

SME-Development Bank ၏ ရေဘေးသင့်ပြည်သူများအတွက် ကူညီပံ့ပိုးမှု…

စက်တင်ဘာလ (၁၆) ရက် ၊ (၁၇) ရက်နေ့များတွင် ရေဘေးသင့်ပြည်သူများအတွက် SME-Development Bank ၏ တောင်ကြီးဘဏ်ခွဲမှ ဝန်ထမ်းများသည် ကလောမြို့နှင့် အင်းလေးဒေသ ရှိ ရေဘေးသင့်ကျေးရွာများဖြစ်သော ရပ်ကွက် (၂) ၊ ရပ်ကွက် (၁၁) နန်းသဲရပ် ၊ မိုင်းသောက် ၊ မြေနီကုန်း ၊ သားလေးမြောက်ရွာ ၊ နန့်ပန်အုပ်စု ပေါက်ပါးရွာ ၊ ဟဲခမ်းဦး ရှိ ရေဘေးဒဏ်ခံစား ခဲ့ရသော အိမ်ထောင်စုများထံသို့ စောင် ၊ အနွေးထည် ၊ ဆပ်ပြာ ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအား SME-Development Bank မှ ဝန်ထမ်းများကိုယ်တိုင် သွားရောက်၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသည်။

#SME_Development_Bank
#Dependable_Financial_Partner
#CSRActivity
#SME #Bank #SMEDBank