လုပ်ငန်းတိုးချဲ့ရာတွင် လိုအပ်သောချေးငွေအတွက် ဘဏ်သို့ အပေါင်ပစ္စည်းပေးအပ်၍ လျှောက်ထားနိုင်သော ချေးငွေအမျိုးအစားဖြစ်ပါသည်။
သတ်မှတ်ချက်များမှာ-
• အတိုးနှုန်းမှာ (၁၀%)
• ချေးငွေသက်တမ်းမှာ (၅) နှစ်မှ (၁၀)နှစ်ထိ ဖြစ်ပါသည်။
• ဘဏ်ဝန်ဆောင်ခ (၁.၅%)
လိုအပ်ချက်များမှာ-
၁။ (၆)လအတွင်းရိုက်ကူးထားသောလိုင်စင်ဓါတ်ပုံ (၃)ပုံ
၂။ မှတ်ပုံတင် မိတ္ထူ
၃။ အိမ်ထောင်စုစာရင်း မိတ္ထူ
၄။ သက်တမ်းရှိလုပ်ငန်းလိုင်စင်
၅။ လုပ်ငန်းလုပ်ကိုင်ကြောင်းနှင့်အမှန်တကယ်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ
၆။ အာမခံပစ္စည်းနှင့်လုပ်ငန်းတည်နေရာ၏ စည်ပင်ခွန် (သို့) မီတာခွန်
၇။ (၃) နှစ်စာ ဝင်ငွေခွန်ပြေစာ
၈။ (၃) နှစ်စာ ဘဏ္ဍာရေးရှင်းတမ်း (ဝင်ငွေ၊ထွက်ငွေ အရှုံး/အမြတ်စာရင်း)
၉။ အပေါင်ပစ္စည်း (မြေ နှင့် အဆောက်အဦး)
၁၀။ SME- Development Bank မှငွေ ချေးယူ ရန်မှတ်ချက် ပါ (၆) လ အတွင်း ရေးကူးထား သော မြေပုံ/မြေရာဇာဝင်(၁၀၅/၁၀၆)
၁၁။ အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း ကျမ်းကျိန်လွှာ
၁၂။ အပေါင်ပစ္စည်း ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်း
၁၃။ အာမခံပစ္စည်းဓါတ်ပုံရှေ့၊နောက်၊ဝဲ၊ယာ နှင့် လုပ်ငန်းဓါတ်ပုံ(၃)ပုံ
၁၄။ ချေးငွေအသုံးပြုမည့်အစီအစဉ်
၁၅။ အစည်းဝေးဆုံးဖြတ်ချက်မှတ်တမ်း
၁၆။ အာမခံတင်သွင်းသည့်ပစ္စည်းစာရင်း/တန်ဘိုး