Page: Credit Card

SME Development Bank MPU Credit Cards
 
SMED bank MPU Credit Card သည် ‌ငွေသားကိုင်ဆောင်ရန်မလိုပဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPU Card လက်ခံသည့် ဈေးဆိုင်၊ စားသောက်ဆိုင်များ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ပြည်တွင်းဟိုတယ်များရှိ POS များတွင် ကတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့် ငွေသားထုတ်ယူနိုင်ခြင်း၊ MPU E-commerce ဖြင့်လည်းအွန်လိုင်းပေါ် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။
 
လျှောက်ထားရန် လိုအပ်ချက်များ
Credit Card လျှောက်ထားသူထံမှ လိုအပ်သောစာရွက်စာတမ်းများ
၀န်ထမ်း ကိုယ်ပိုင်လုပ်ငန်းရှင် အာမခံပေးသူ ဆင့်ပွါးကတ်လျှောက်ထားသူ
Passport Photo (၁) ပုံ ✔️ ✔️ ✔️ ✔️
နိုင်ငံသားစစ်ဆေးရေးကတ်(သို့)နိုင်ငံကူးလက်မှတ် (မူရင်း/မိတ္တူ) ✔️ ✔️ ✔️ ✔️
နေထိုင်ကြောင်းထောက်ခံစာ / ဧည့်စာရင်း ✔️ ✔️ ✔️
အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ) ✔️ ✔️ ✔️
၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာမူရင်း ✔️ ✔️
လစာ/ ၀င်ငွေဖော်ပြထားသော သက်သေခံ အထောက် အထား (နောက်ဆုံး 6 လစာ) ✔️ ✔️
သက်တန်းရှိလုပ်ငန်းလိုင်စင် ✔️
လုပ်ငန်းမှ ၀င်ငွေရရှိကြောင်း အထောက်အထား ✔️
အသက် (၁၈) နှစ်အောက် ဖြစ်ပါက မိသားစု၀င်ဖြစ်ကြောင်း အိမ်ထောင်စုစာရင်း နှင့် မွေးစာရင်း (မိတ္တူ) ✔️
၀န်ထမ်း
  • Passport Photo (၁) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ် (သို့) နိုင်ငံကူးလက်မှတ် (မူရင်း/မိတ္တူ)
  • နေထိုင်ကြောင်းအထောက်အထား/ဧည့်စာရင်း
  • အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)
  • ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း
  • လစာစလစ်/၀င်ငွေခွန်ဆောင်ထားသော သက်သေခံအထောက်အထား (နောက်ဆုံး ၆ လစာ)
ကိုယ်ပိုင်လုပ်ငန်း
  • Passport Photo (၁) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ် (သို့) နိုင်ငံကူးလက်မှတ် (မူရင်း/မိတ္တူ)
  • နေထိုင်ကြောင်းအထောက်အထား/ဧည့်စာရင်း
  • အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)
  • သက်တမ်းရှိလုပ်ငန်းလိုင်စင်
  • လုပ်ငန်းမှ၀င်ငွေရရှိကြောင်း အထောက်အထား
အာမခံပေးသူ
  • Passport Photo (၁) ပုံ
  • နိုင်ငံသားစိစစ်ရေးကတ် (သို့) နိုင်ငံကူးလက်မှတ် (မူရင်း/မိတ္တူ)
  • နေထိုင်ကြောင်းအထောက်အထား/ဧည့်စာရင်း
  • အိမ်ထောင်စုစာရင်း(မူရင်း/မိတ္တူ)
  • ၀န်ထမ်းဖြစ်ကြောင်းထောက်ခံစာမူရင်း
  • လစာစလစ်/၀င်ငွေခွန်ဆောင်ထားသော သက်သေခံအထောက်အထား (နောက်ဆုံး ၆ လစာ)
ကတ်အမျိုးအစား
SME-Development Bank MPU Credit Card ကို အသက် (၁၈) နှစ်ပြည့်ပြီးသူများ လျှောက်ထား နိုင်ပြီး
  1. Classic Card
  2. Gole Card
  3. Platinum Card
  4. Diamond Card ဟူ၍ အမျိုးအစား (၄) မျိုးဖြင့် ဝန်ဆောင်မှုများ ပေးနေပါသည်။
အနည်းဆုံးလစာ / ၀င်‌ငွေ
Classic Card အတွက် အနည်းဆုံး လစဥ်၀င်ငွေ ၂၅၀,၀၀၀/-ကျပ်၊ Gold Card အတွက် အနည်းဆုံး လစဥ်၀င်ငွေ ၁,၀၀၀,၀၀၀/- ကျပ်၊ Platinum Card အတွက် အနည်းဆုံး လစဥ်၀င်ငွေ ၁,၅၀၀,၀၀၀/- ကျပ် နှင့် Diamond Card အတွက် အနည်းဆုံး လစဥ်၀င်ငွေ ၂,၅၀၀,၀၀၀/- ကျပ် ဟူ၍ သတ်မှတ်ထားပါသည်။ SME-Development Bank MPU Credit Card များထဲမှ Platinum Card နှင့် Diamond Card ကိုင်ဆောင်ခွင့် ရသူများသည် Supplementary Card (ဆင့်ပွါးကတ်) လျှောက်ထား နိုင်ပါသည်။
လုပ်ဆောင်ချက်နှင့် အကျိုးကျေးဇူးများ
အများဆုံး (၄၅) ရက် အထိ အတိုး ကင်းလွတ် ခွင့်ရရှိမှာ ဖြစ်သည်။ ငွေပြန်လည်ပေးသွင်းရာတွင် အပြည့်အဝ (သို့) သတ်မှတ်ထားသော အနည်းဆုံးပမာဏမှစ၍ အဆင်ပြေရာ ပေးသွင်းနိုင်သည်။ မူလကတ်ပိုင်ရှင်၏ မိသားစုဝင်များ သာမက မည်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်များ အလွယ်တကူ လျှောက်ထားနိုင်ပါသည်။ ATM တွင် Credit Card Limit ၏ ၂၀ ရာခိုင်နှုန်း (Cash advance) ငွေသားထုတ်ယူနိုင်ပါသည်။

 

စဥ်အကြောင်းအရာClassicGoldPlatinumDiamond
1.Joining Fee3,0003,0003,0003,000
2.Supplementary (Joining Fee)10,00010,000
3.Annual Fee20,00040,00060,00080,000
4.Supplementary (Annual Fee)15,00015,000
5.Late Payment Fee3,0005,00010,00015,000
6.Pin Re-issue Fee3,000
7.Card Replacement Fee15,00015,00015,00015,000
8.Repayment (Minimum Amount)10% of outstanding amount
9.Interest (Secure and Unsecure)18% (Per Annual)
10.ATM Withdraw Fee (All Card)
 SMEDB ATM5% (daily Interest)
 Other Bank ATM5% + Other Bank Charge Fee

Diamond Card

Diamond: ကြည်လင် ခိုင်မြဲ

Platinum Card

Platinum: အောင်မြင် တည်ငြိမ်

Gold Card

Gold: ခေတ်မှီ ညဏ်ကောင်း

Classic Card

Classic: ရိုးသား ကြိုးစား

Credit Card FAQs
Q.1 SMED Bank MPU Credit Card ဆိုသည်မှာ အဘယ်နည်း။

Ans. SMED Bank MPU Credit Card သည် ‌ငွေသားကိုင်ဆောင်ရန်မလိုပဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ MPU Card လက်ခံသည့် ဈေးဆိုင်၊ စားသောက်ဆိုင်များ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ပြည်တွင်းဟိုတယ်များရှိ POS များတွင် ကတ်ဖြင့် အလွယ်တကူ ငွေပေးချေနိုင်ခြင်း၊ ATM မှတစ်ဆင့် ငွေသားထုတ်ယူနိုင်ခြင်း၊ MPU E-commerce ဖြင့်လည်းအွန်လိုင်းပေါ် ဈေးဝယ်ရာတွင် လုံခြုံစိတ်ချစွာ ငွေပေးချေနိုင်ခြင်းတို့ အတွက် အသုံးပြုနိုင်သည့် ကတ်ဖြစ်ပါသည်။

Ans. SME Development bank တွင် MPU Credit Card ကို Classic, Gold, Platinum နှင့် Diamond ဟူ၍ (၄) မျိုး ထုတ်ဝေထားရှိပါသည်။ မိမိ၏ ဝင်ငွေပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ကတ်အမျိုးအစား အား လျှောက်ထားနိုင်ပါသည်။

Ans. အများဆုံး (၄၅) ရက် အထိအတိုး ကင်းလွတ် ခွင့်ရရှိမှာ ဖြစ်သည်။ ငွေပြန်လည်ပေးသွင်းရာတွင် အပြည့်အဝ (သို့) သတ်မှတ်ထားသော အနည်းဆုံးပမာဏမှစ၍ အဆင်ပြေရာ ပေးသွင်းနိုင်သည်။ မူလကတ်ပိုင်ရှင်၏ မိသားစုဝင်များ သာမက မည်သည့် Relationship အတွက် မဆို ဆင့်ပွားကတ်များ အလွယ်တကူ လျှောက်ထားနိုင်ပါသည်။ ATM တွင် Credit Card Limit ၏ ၂၀ ရာခိုင်နှုန်း (Cash advance) ငွေသားထုတ်ယူနိုင်ပါသည်။

Ans. SMED Bank MPU Credit Card ကိုလျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။
အသက် ၁၈နှစ်ကျော်ပြီး စစ်ဆေးအတည်ပြုနိုင်မည့် ဝင်ငွေအရင်းအမြစ်ရှိရမည်။

Ans.  
စဥ် အကြောင်းအရာ Classic Gold Platinum Platinum
1 Joining Fee 3,000 3,000 3,000 3,000
2 Supplementary (Joining Fee) 10,000 10,000
3 Annual Fee 20,000 40,000 60,000 80,000
4 Supplementary (Annual Fee) 15,000 15,000

Ans. SMED Bank Credit Card တွင်အသုံးပြုနေသော အခြေခံငွေကြေးစနစ်မှာ မြန်မာကျပ်ငွေဖြစ်
ပါသည်။

Ans. Credit Limit ဆိုသည်မှာ Credit Card ဖြင့်ငွေပေးချေရာတွင် ဘဏ်မှသတ်မှတ် ပေးထားသော ကြိုတင်သုံးစွဲနိုင်မှု‌ ငွေကြေးပမာဏအား ဆိုလိုပါသည်။ 

Ans. နီးစပ်ရာ SMED Bank ဘဏ်ခွဲများသို့သွားရောက်၍ လိုအပ်သည့် အထောက်အထားများအား
တင်ပြ၍ လျှောက်ထားနိုင်ပါသည်။

Ans.
၀န်ထမ်း ကိုယ်ပိုင်လုပ်ငန်းရှင် အာမခံပေးသူ ဆင့်ပွါးကတ်လျှောက်ထားသူ
KYC Check
Passport Photo (၁) ပုံ
နိုင်ငံသားစစ်ဆေးရေးကတ်(သို့)နိုင်ငံကူးလက်မှတ် (မူရင်း/မိတ္တူ)
နေထိုင်ကြောင်း ထောက်ခံစာ / ဧည့်စာရင်း
အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)
၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာမူရင်း
အသက်(၁၈)နှစ်အောက် ဖြစ်ပါက မိသားစု၀င် ဖြစ်ကြောင်းအိမ်ထောင်စုစာရင်းနှင့် မွေးစာရင်း (မိတ္တူ)
၀င်ငွေအထောက်အထား
လစာ/၀င်ငွေဖော်ပြထားသော သက်သေခံ အထောက်အထား (နောက်ဆုံး 6 လစာ)
သက်တန်းရှိလုပ်ငန်းလိုင်စင်
လုပ်ငန်းမှ၀င်ငွေရရှိကြောင်း အထောက်အထား

Ans. SMED Bank MPU Credit Card အား နီးစပ်ရာ-SMED Bank ဘဏ်ခွဲတွင် လိုအပ်သော စာရွက် စာတမ်းများနှင့် အတူ လျှောက်လွှာအား ပြည်စုံစွာဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။

Ans. Platinum နှင့် Diamond ကတ်ဖြစ်မှသာလျှင် ရရှိနိုင်ပါသည်။

Ans. အများဆုံး ဆင့်ပွားကတ် (၂) ကတ်အထိ လျှောက်ထား နိုင်ပါသည်။ မြန်မာနိုင်ငံသားဖြစ်ရမည်။ ဆင့်ပွားကတ်လျှောက်ထားသူမှာ အသက် (၁၆) နှစ်နှင့် အထက်ဖြစ်ရမည်။

Ans.

– လျှောက်လွာပုံစံဖြည့်သွင်းမှုမပြည့်စုံခြင်း၊
– အထောက်အထားစာရွက်စာတမ်းများပြည့်စုံမှုမရှိခြင်း၊
– ဝင်ငွေအတည်မပြုနိုင်ခြင်း၊
– သတ်မှတ်ထားသောစံနှုန်း ပြည့်မီမှုမရှိခြင်း၊

Ans. Credit Card လျှောက်ထားခြင်းအတွက် သက်ဆိုင်ရာလိုအပ်သည့် တင်ပြသော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံပြီးလျှောက်လွှာဖြစ်ပါက ရုံးလုပ်ငန်းစဥ် (၁၄ရက်) အထိကြာမြင့်နိုင် ပါသည်။

Ans. SMED Bank မှ Credit Card လျှောက်ထားမှု အောင်မြင်ခြင်းအား ပြီးပြည့်စုံသော လျှောက်လွှာ တင်ပြီးသည့်နေ့မှစ၍ ရုံးလုပ်ငန်းစဥ် (၁၄) ရက်အတွင်း ဘဏ်ဘက်မှ အကြောင်းကြား ပေးမည်ဖြစ် ပါ သည်။ လျှောက်လွှာ အောင်မြင်၍ ကတ်ထုတ် ယူရန်ဘဏ်မှ အကြောင်းကြားခြင်းရရှိခဲ့ပါက လျှောက်လွှာ တင်ခဲ့သောဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်း ကတ်ပြားပါယူဆောင်၍ ကတ်အားသွား‌ ရောက်ထုတ်ယူနိုင် ပါသည်။

Ans. SMED Bank MPU Credit Card အား ဘဏ်ခွဲမှလက်ခံရရှိပြီးသည်နှင့် Card Activate ပြုလုပ်ရန် အတွက် ဘဏ်ဝန်ထမ်းက Activation Form ဖြည့်သွင်းစေမည် ဖြစ်ပါသည်။ SMED Bank MPU Credit Card အား ‌activation ပြုလုပ်ပြီးပါက SMED Bank ဘဏ်၏ ဘဏ်ခွဲများမှ (PIN Change Portal) (သို့) SMED Bank ATM တွင် PIN နံပါတ်အား သင်ကြိုက်နှစ်သက်သည့်နံပါတ်သို့ ပြောင်းရပါမည်။ ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် SMED Bank MPU Credit Card အား အသုံးပြုနိုင်ပြီး ဖြစ်ပါသည်။ လူကြီးမင်း၏ ကတ်အား Active ပြုလုပ်ရန်အတွက် အချိန်အနည်းငယ်လိုမည် ဖြစ်ပါသည်။ Activate လုပ်ဆောင် နေသည့်အခြေအနေကို ရုံးချိန်အတွင်း call center သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Ans. SMED Bank MPU Credit Card PIN ဆိုသည်မှာ ဂဏန်း‌ခြောက်လုံးပါဝင်သော လျို့ဝှက်နံပါတ် ဆိုလို ပါသည်။ ATM တွင်အသုံးပြုသည်ဖြစ်စေ ၊ POS ပေးချေမှုပြုလုပ်ရာတွင်ဖြစ်စေ အသုံးပြုရမည့် လျို့ဝှက်နံပါတ် ဖြစ်သည်။

Ans. PIN နံပါတ်ကို မေ့လျော့သွားလျှင်သော်လည်းကောင်း၊ PINနံပါတ် Lockကျသွားလျှင်သော်လည်း ၊ နီးစပ်ရာ SMED Bank ဘဏ်ခွဲသို့ သွားပြီး PIN နံပါတ်အသစ် သွားရောက်လျှောက်ထား ရန်လိုအပ် ပါသည်။ ထိုသို့လျှောက်ထားရာတွင် ပိုင်ရှင်မှန် အတည်ပြုနိုင်ရေး အတွက် Lock ကျသွားသော SMED Bank MPU Credit Card နှင့် မှတ်ပုံတင်အား ယူဆောင်သွားရမည် ဖြစ်ပြီး PIN နံပါတ်အသစ် ထုတ်ပေးရ ခြင်းအတွက် fee charges (၃,၀၀၀) ကျပ် ကုန်ကျမည်ဖြစ်ပါသည်။

Ans. စျေး၀ယ်ယူမှု ပေးချေခြင်းအတွက် ဝယ်ယူသည့်နေ့ပေါ်တွင်မူတည်၍ အနည်းဆုံး (၁၅) ရက်မှ အများဆုံး (၄၅) ရက် အထိ အတိုးကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။ ငွေသားထုတ်ယူ ခြင်းအတွက် အတိုးကင်းလွတ်ခွင့်ကာလ ခံစားခွင့်မရရှိပါ၊ စတင်ငွေထုတ်ယူသည့်နေ့မှ စ၍ နေ့စဥ်အတိုးတွက်ချက်မည်ဖြစ်ပါသည်။

Ans.

  • အတိုးနှုန်းမှာတစ်နှစ်လျှင် (၁၈%) ဖြစ်ပြီး နေ့စဥ်အသုံးပြုထားပြီး ပြန်လည်ပေးဆပ်ခြင်းမပြုသည့် ပမာဏပေါ်တွင် ကောက်ခံ မည်ဖြစ်သည်။ ထိုကောက်ခံခြင်းအား လစဥ် စာရင်းရှင်းတမ်းတွင် ဖော်ပြပေးမည် ဖြစ်ပါသည်။
  • နောက်ဆုံးပေးချေရက် (Due Date) အတွင်း ဘဏ်သို့ အပြည့်အဝပြန်လည်ပေးချေပါက အတိုး ကင်းလွတ် ခွင့်ခံစားရမည် ဖြစ်ပါသည်။
  • နောက်ဆုံးပေးချေရက် (Due Date) အတွင်း အနည်းဆုံးပမာဏ ပြန်လည်ပေးချေပါက လက်ကျန်ပေါ် တွင် အတိုးကောက်ခံမည်ဖြစ်ပါသည်။
  • နောက်ဆုံးပေးချေရက် (Due Date) အတွင်း ဘဏ်သို့မည်သည့်ပေးချေခြင်းမှ မပြုလုပ်လျှင် ပြန်လည် ပေးဆပ်ခြင်းမပြုသည့် ပမာဏပေါ်တွင် အတိုးနှုန်းတစ်နှစ်လျှင် (၁၈%)နှင့် နောက်ကျ ကြေး (Late Payment Fee) ကောက်ခံ မည်ဖြစ်သည်။

Ans. Billing Statement Date ဆိုသည်မှာ လစဥ်လတိုင်း ၂၅ ရက်နေ့ဖြစ်ပြီး SMED Bank မှ e – statement ကို အီးမေးလ်မှ တစ်ဆင့် ပို့ပေးမည်။

Ans. SMED Bank မှပေးပို့သော e-statement တွင် ဘဏ်သို့ ပြန်လည်‌ပေးချေရမည့် စုစုပေါင်းပမာဏ၊ အနည်းဆုံးပေးချေရမည့်ပမာဏနှင့် နောက်ဆုံး ပေးချေရမည့်ရက် (Due Date) ကိုဖော်ပြထားပါသည်။

Ans. SMEDB ငွေစာရင်းမှအလိုအလျောက်နှုတ်ယူခြင်း (Direct Debit) နီးစပ်ရာ SMED Bank ဘဏ်ခွဲများတွင် ငွေသားဖြင့်ဖြစ်စေ ပေးသွင်း ခြင်း။
လူကြီးမင်းအနေဖြင့် အလိုအလျောက်ဖြတ်တောက်သည့် စနစ် Direct Debit အား‌ ရွေးချယ်ခဲ့ လျှင် SMED Bank MPU Credit Card မှ သုံးစွဲထားသော အကြွေးပမာဏကို ပေးချေရမည့်နေ့တွင်လူကြီးမင်း၏ SMED Bank ငွေစာရင်းမှ အလိုအလျောက်ဖြတ်တောက်သွားမည်ဖြစ်ပါသည်။

Ans. Direct Debit (DD) အလိုအလျောက် ငွေနုတ်ယူခြင်းဝန်ဆောင်မှုဖြစ်သည်။ Direct Debit (DD) ဝန်ဆောင်မှု အား ရယူထားပါက Credit Card Statemen ပါစာရင်းရှင်းတမ်း တွင်ပါရှိသော ငွေပမာဏ ၏ (အနည်းဆုံး (သို့) အပြည့်အဝ) ပေးချေခြင်း အမျိုးအစားအလိုက် နောက်ဆုံး ပေးချေ ရက် (Due Date) တွင် ၄င်း၏ ဘဏ်စာရင်းထဲမှ အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်ပြီး ၎င်း၏ Credit Card ထဲသို့ အချိန်နှင့် တစ်ပြေးညီ ငွေပြန်လည် ထည့်သွင်းပေးပါသည်။

Ans. အနည်းဆုံးပေးချေရမည့်ငွေပမာဏ (Minimum Payment) ဆိုသည်မှာ ဘဏ်သို့ ပေးချေရမည့် အနည်းဆုံးပမာဏကို ဆိုလိုပါသည်။ စုစုပေါင်း‌စာရင်းပိတ် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (သို့) (၁၀,၀၀၀) ကျပ်အား လစဥ်စာရင်းရှင်းတမ်း တွင်ဖော်ပြထားပါသည်။

Ans. နောက်ကျကြေးဆိုသည်မှာ နောက်ဆုံးပေးချေရမည့်ရက် (Due Date) တွင် လစဥ် အနည်းဆုံးပေးချေရမည့် ငွေပမာဏအား ဘဏ်သို့ ပြန်လည်ပေးချေခြင်းမပြုပါက ကောက်ခံသော နှုန်းထားတစ်ခု ဖြစ်ပါသည်။ နောက်ကျကြေး မ‌ပေးလိုပါက နောက်ဆုံးပေးချေရမည့်ရက်တွင် အနည်းဆုံးပေးချေရမည့် ပမာဏအား ဘဏ်သို့ အချိန်မှီ ပြန်လည်ပေးချေရန် လိုအပ်ပါသည်။

Ans. SMED Bank ၏အတိုးနှုန်းထားနှင့် အခကြေးငွေများမှာ
စဥ် အကြောင်းအရာ Classic Gold Platinum Diamond
1. Late Payment Fee 3,000 5,000 10,000 15,000
2. Pin Re-issue Fee 3,000
3. Card Replacement Fee 15,000
4. Interest (Secure and Unsecure) 18% (Per Annual)
5. ATM Withdraw Fee (All Card)
SMED Bank ATM 5% (daily Interest)
Other Bank ATM 5% + Other Bank Charge Fee

Ans. Call center သို့ ဆက်သွယ်ခြင်း (သို့) နီးစပ်ရာဘဏ်ခွဲသို့ အကြောင်းကြားရန်လိုမည်ဖြစ်ပြီး
ဘဏ်မှ ကတ်အား ချက်ချင်းပိတ်ထားပေးမည်ဖြစ်ပါသည်။ အစားထိုးကတ် လျှောက်ထား လိုပါ က နီးစပ်ရာဘဏ်ခွဲတွင် သွားရောက်လျှောက်ထားနိုင်ပါသည်။

Ans. နီးစပ်ရာဘဏ်ခွဲသို့ သွားရောက်၍ မိမိပြန်ပေးရန်ရှိသော လက်ကျန်များအား အပြေအကြေ ပြန်လည်ပေးချေပြီး ကတ်အပြီးတိုင်ပိတ်သိမ်းခြင်း ကိုလျှောက်ထားနိုင်ပါသည်။ မူလကတ်အား ဖျက်သိမ်း ပါက ဆင့်ပွားကတ် များသည်လည်း တစ်ပါတည်း ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

Ans. ကိုယ်ရေးအချက်အလက်များအား နီးစပ်ရာဘဏ်ခွဲများသို့ သွားရောက်ပြီး မှတ်ပုံတင်မူရင်းနှင့်
ကတ်တို့ယူဆောင်သွား၍ လျှောက်ထားနိုင်ပါသည်။